ကော့သောင်း - တောင်လပို့ကျွန်း - ၁၁၅ကျွန်း - ငါးမန်းကျွန်း - ကျွန်းဖီလာကျွန်း မျောက်နီ - သရဲကျွန်း - ကော့သောင်း (၄ ရက် ၃ ညအိပ်) ခရီးစဉ်























































































ကော့သောင်း - တောင်လပို့ကျွန်း - ၁၁၅ကျွန်း (နေ့လယ်စာ၊ ညစာ)
မင်္ဂလာပါခင်ဗျာ ကျွန်တော်တို့ မြိတ်မင်းသမီးသဘောင်္ကိုယ်စားလှယ်မှ သင့်အား ကော့သောင်းလေဆိပ်တွင် လာရောက်ကြိုဆိုပြီး သဘောင်္ပေါ်သို့ တက်ရောက်ရန် သဘောင်္ဆိပ်သို့ ပို့ဆောင် ပေးပါ မည်။ လူဝင်မှုကြီးကြပ်ရေးမှ ခွင့်ပြုချက်ရသည်နှင့်တပြိုင်နက် သဘောင်္မှသင်သွားရောက်မည့် တောင်လပို့ကျွန်းသို့ မောင်းနှင်ပို့ဆောင်ပေးမည်ဖြစ်ပါတယ်။ တောင်လပို့ကျွန်းမှာတော့ ပျော်ရွှင်စွာရေကူးနိုင်သလို ရေအောက်တွင်လည်း ရေငုပ်၍ လေ့လာနိုင်ပါတယ်။ ပြီးနောက်၁၁၅ကျွန်းကိုလည်းဆက်လက်ပို့ဆောင်ပေးမှာပဲ ဖြစ်ပါတယ်။ နောက်ပြီး ခရီးသည်များအနေနဲ့ နေပူစာလှုံချင်ရင်လည်း လှုံလို့ရပါတယ်။ ညစာသုံးဆောင်ပြီးရင်တော့ ၁၁၅ကျွန်းအနီးသဘောင်္ ပေါ်တွင်အနားယူအိပ်စက်ပါမယ် ခင်ဗျာ။








၁၁၅ကျွန်း - ငါးမန်းကျွန်း - ကျွန်းဖီလာကျွန်း (နံနက်စာ၊နေ့လယ်စာ၊ ညစာ)
ကျွန်တော်တို့မြိတ်မင်းသမီးသဘောင်္ပေါ်ရှိ စားဖိုမှူးမှပြင်ဆင်ထားသောနံနက်စာကို ခရီးသည် များအနေနဲ့သုံးဆောင်ရမှာဖြစ်ပါတယ်။ သင်တို့လည်ပတ်မည့်၁၁၅ကျွန်းကတော့ ရေများ ကြည်လင်သန့်ရှင်းပြီးသန္ထာကျောက်တန်းအမျိုးအစားမျိုးစုံနှင့်အတူ လှပသည့် အရောင်စုံ ငါးလေးများကိုကြည့်ရှုနိုင်ရန် ရေငုပ်၍ရေအောက်ထဲတွင် လေ့လာစရာနေရာ အမြောက် အများရှိပါတယ်ခင်ဗျာ။ ၄င်းကျွန်းကိုသွားမယ်ဆိုရင်တော့ အမြဲစိမ်းတောမှတစ်ဆင့် ထူထပ်သည့် တောအလှသဘာဝ နှင့်အတူလမ်းလျှောက်ခြင်း၊ တောင်တက်ခြင်းတို့ဖြင့် အချိန်များကို ကုန်ဆုံးစေပြီး၊ နောက်ဆုံးသောကျွန်းများအားလုံးထဲမှ အကောင်းဆုံးကျွန်း တစ်ကျွန်းလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သဘာဝအလျောက် ပကတိအတိုင်း ရှိနေသော သဲဖြူ မှုန့်များနှင့် အတူလှပတဲ့ကမ်းခြေကို သင်တွေ့မြင်ရပါလိမ့်မယ်။ ကမ္ဘာတစ်ဝန်းမှဧည့်သည်များ လာရောက်၍ သူတို့ရဲ့ ခြေချောင်းလေးများအား ဖြူဖွေးနေသည့် သဲလေးများကိုမြင်နေရသည့် ကြည်လင်နေသော ရေထဲတွင် စိမ်ထား၍ နေခြင်းကိုနှစ်သက်ကြသည်။ ထို့ကြောင့် ရင်သပ် ရှုမောပြီးအံ့သြစရာကောင်းလောက်အောင် လှပသည့်နေရာတစ်ခုဖြစ်ကြောင်း လာရောက် လည်ပတ်သည့် ဧည့်သည်များက လက်ခံထားကြပါတယ်။ ခရီးသည်များအနေနဲ့ အချိန်ရ သေးတယ်ဆိုရင်တော့ ကျွန်းတွေပေါ်မှာ လက်ရှိဆောက်လုပ်နေသည့် အပန်းဖြေနေရာ အသစ်တစ်ခုကို ပို့ဆောင်ပေးဦးမှာပါ။ ရသာထူးကဲလှသောနေ့လယ်စာအားသုံးဆောင်ရင်း ငါးမန်းကျွန်းသို့ ဆက်လက်ထွက်ခွာနေပါမည်။ ထိုငါးမန်းကျွန်းကိုရောက်ရင်တော့ ရေအောက်ရှိ သဘာဝအလှများကိုလေ့လာရန် အချိန်အားဖြင့် တစ်နာရီခန့်ရရှိမှာဖြစ်ပါတယ် ခင်ဗျာ။ ငါးမန်းကျွန်းကတော့ ကြည့်ရှုနိုင်စရာ အမျိုးမျိုးသော သန္တာကျောက်တန်း၊ အမျိုးအစား စုံလင်ပြီးအရောင်စုံလှသည့် ငါးလေးများနှင့် jellyfish များကြောင့် လည်ပတ်ဖို့ရန် ကောင်းမွန် တဲ့နေရာတစ်ခုဖြစ်ပါတယ်။ အားလုံးလည်ပတ်ပြီးသည့်နောက် ကျွန်းဖီလာကျွန်းသို့ ဆက် လက်ထွက်ခွာပါမယ်ခင်ဗျာ။ ညစာသုံးဆောင်ပြီးနောက်ကျွန်းဖီလာကျွန်းအနီး သဘောင်္ပေါ်တွင် အိပ်စက်အနားယူပါမယ်။









ကျွန်းဖီလာ - မျောက်နီ - သရဲကျွန်း (နံနက်စာ၊နေ့လယ်စာ၊ ညစာ)
ခရီးသည်များ သဘောင်္ပေါ်တွင် နံနက်စာစားပြီးရင်တော့ တံငါသည်များ၏
နေ့စဉ်နေထိုင်မှုဘ၀ပုံစံကို လေ့လာနိုင်မည့်ရွာများကို သွားရောက်မည်
ဖြစ်ပါတယ် ခင်ဗျာ။ လည်ပတ်ပြီးသည့်အခါ ရေငုပ်၍ ထပ်လေ့လာရန်အတွက်
ကျွန်တော်တို့သဘောင်္က မျောက်နီကျွန်းကို ဆက်လက်ထွက်ခွာ ပါမယ်။ ပြီးနောက်
သရဲကျွန်းကို ထွက်ခွာပါမယ်။ ညစာသုံးဆောင်ပြီးနောက် သရဲကျွန်းအနီး
သဘောင်္ပေါ်တွင် အနားယူ အိပ်စက်ပါမယ် ခင်ဗျာ။









သရဲကျွန်း - ကော့သောင်း (နံနက်စာ၊နေ့လယ်စာ)
နံနက်စာသုံးဆောင်ပြီးနောက် ကျွန်းအနီးတွင် မိမိနှစ်သက်ရာ ရေကူးခြင်း၊
ရေငုပ်ပြီး ရေအောက်သဘာဝအလှများကိုခံစားခြင်း၊ ကယက် လှေလှော်ခြင်း နှင့်
အပျော်တမ်းငါးမျှားခြင်းမှားကို ပျော်ရွက်စွာပြုလုပ်ကြမည်ဖြစ် ပါသည်။
နေ့ခင်းပိုင်းတွင် ရသာထူးကဲလှသော Seafood နေ့လယ်စားကို
အားပါးတရသုံးဆောင်ရင်း ကော့သောင်းသို့ပြန်လည် ထွက်ခွာမည်ဖြစ်ပါသည်။
ကော့သောင်း Jetty မှ ဧည့်သည်တော်ကြီးများအား လေယာဉ်ချိန်အမှီ လေဆိပ်သို့
ပို့ဆောင်ပေးမည်ဖြစ် ပါသည်။ လူကြီးမင်းတို့ဧ။် ပျော်ရွှင်ဖွယ်ခရီးစဉ်
ပြီးဆုံးမည်ဖြစ်ပါသည်။









Comments
Post a Comment